Resident Monks at Dhammikarama Monastery

ဓမ္မိကာရာမကျောင်း၌ သီတင်းသုံး သံဃာ

Venerable Ashin Gawsaka

Place of Birth: The village of Weleywe in Wetlet, Shwebo district, the Union of Myanmar.

Samanera Noviciation: 1978

Higher Ordination: 1985

Education:

Mahaghandharum ganavacaka dhmmacariya 1990. Sasandhaja dhammacariya 1993 in Myanmar.

M A( Buddhist study) Maghadha University in India.

Certificates:

ESOL Level 2 Birmingham

OCR Level 1 Diploma for IT Users Birmingham

Nationality: Myanmar

Languages: Burmese | English | Hindi.

Work and training: He have taught Buddhist texts novice and monks at Mahaghandarom Monastery, at Vaso Monastery in Yangoon, at Pacchimarom monastery in Mawlamyainkywann in Myanamr, mediation and Buddhism and mediation the people in Peace pagoda in Birmingham.

Current Position: Minister of Religion

Books by Ashin (Gawsak Dhamma Stories) A Gift of Dhamma 1,2,3. Holy place improve holy mind.


ဆရာတော် အရှင်ဃောသက၏ ထေရုပ္ပတ္တိ

ဆရာတော်သည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲကျေးရွာ ဖခမည်တော် ဦးကြည်အောင် မယ်တော်ဒေါ်ကျွန်းမြိုင်တို့က ၁၃၂ရခုနှစ် ကဆုန်းလန်း ၃ ရက် (03.05.1965) တနင်္ဂလာနေ့တွေ ဖွားသန့်စဉ်သော သားရတနာဖြစ်ပါသည်။

1978 ခုနှစ်တွင် ဘကြီးတော်ဖြစ်သော ရွာဦးကျောင်း ဆရာတော် ဦးကေသဝကို ဥစ္ဇျာယ်ပြု၍ မယ်တော်ခမည်တော်၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး ရှင်သာမဏေအဖြစ်သို့ရောက်ရှိပါသည်။

1985 ခုနှစ်တွင် တိပိဋကမဟာဂန္ဓာရုံကျောင်တိုက် ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ(စတုတ္ထမြောက် တိပိဋကဓရဆရာတော်)ကို ဥစ္ဇျာယ်ပြု၍ ဦးမောင်မောင်ဆန်းနှင့် ဒေါ်မေသက်နိုင်မိသားစု၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်ရှိပါသည်။


ပညာသင်ကြားခြင်း။ ။

ပစ္စယာနုဂ္ဂဟကိုခံယူပြီး မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်ရှိပါသည်။

မဟာဂန္ဓာရုံဂဏဝါစက ဓမ္မာစရိယ (၁၉၉၀)ခုနှစ်၊ အစိုရ သာသနဓဇဓမ္မာစရိယ (၁၉၉၃)ခုနှစတွင်လည်းကောင်း၊ MA(Buddhist study) Maghadha University အန္ဒိယနိုင်ငံ (၁၉၉၉) ခုနှစ် တွင်ရရှိခဲ့ပါသည်။

စာပေနည်းနိဿျသင်ယူခဲ့သော ကျေးဇူးရှင် ဆရာတော်များ

၁)ဘကြီးတော်ဖြစ်သော ရွှေစည်ဂုံကျောင်း ဆရာတော် ဦကေသဝ။

၂)ဘဒွေးတော်ဖြစ်သော လည်ပြင်ကျောင်းဆရာတော် ဦးကုသလ။

၃)တိပိဋကမဟာဂန္ဓာရုံဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ။

၄)မော်လမြိုင်ကျွန်းမြို့ ပစ္ဆိမာရုံဆရာတော် ပထမကျော် အရှင်စိန္တိတာလင်္ကာရ။

၅) သရက်တောတိုက် သာသနောဒယကျောင်း ဆရာတော် ဒေါက်တာ ပဝရာဘိဝံသ။

၆)ထိုင်းနိုင်ငံ လန်ပန်းမြို့ ထာမအိုကျောင်းဆရာတော် ဦဓမ္မာနန္ဒ။

၇) ဗြိတိန်နိုင်ငံ ဘာမင်ဂန်မြို့ မြန်မာကျောင်းဆရာတော် ဒေါက်တာရေဝတဓမ္မ၊ စသောစာချဆရာတော်များ။

သာသနာရေး ဆောင်ရွက်ခြင်း။

ရန်ကုန်မြို့ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ ဒေါပုံမြို့နယ် ဝါဆိုပရိယတ္တိကျောင်းတိုက်၊ မော်လမြိုင်ကျွန်းမြို့ ပစ္ဆိမာကျောင်းတိုက်တို့၌ စာချပေးပိုချခြင်း၊ (၁၉၉၇)နှစ်မှစ၍ အိန္ဒိယနိုင်ငံသို့ကြွရောက်ပြီး မာဓတက္ကသိုလ်၌ ဗုဒ္ဓဘာသာဆိုင်ရာများလေ့လာလျှက် သာသနာပြုရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ (၂၀၀၀)ခုနှစ်တွင် ထိုင်နိုင်ငံ လန်ပန်မြို့ ထာမအိုးကျောင်းဆရာတော်၏ သာသနာပြုလုပ်ငန်းများ အကူအညီပေးလျက် နည်းနိဿျခံယူခြင်း၊ (၂၀၀၂)ခုနှစ်တွင် ဘာမင်ဂန်ဆရာတော် ဒေါက်တာရေဝတဓမ္မ၏ ပင့်ခေါ်ဆောင်ခြင်းဖြင့် အင်္ဂလန်နိုင်ငံသို့ ကြွရောက်ပြီး ဆရာတော်ထံမှ နည်းနိဿျခံယူပြီး၊ ယခု (၂၀၁၄)ခုနှစ်တွင် ရှဲလ်ဖီးလ်ဒ် (Sheffield) မြို့ရှိ ဗုဒ္ဓဘာသာဝင်တို့၏ ပင်ဆောင်ခေါ်ယူမှုကြောင့် ထိုရှဲလ်ဖီးလ်ဒ်မြို့သို့ရောက်ရှိ သတင်းသုံးလျှက် သာသနရေးများကို ကူညီဆောက်ရွက်ခြင်းများဖြင့် အများကောင်းကျိုးအတွက် ဆောင်ရွက်လျှက်ရှိပါသည်။

59 Southey Green Road, Sheffield, South Yorkshire S5 8GU, UK

Phone: 0114 348 6004

Copyright©2022 Dhammika Rama Vihara All rights reserved.